သမိုင်းအကျဉ်း
ရှေးနှစ်ပေါင်း (၂၀၀၀) ကျော်မှစပြီး လူသားတို့သည် အဆောက်အဦများကိုဆောက်လုပ်ရာတွင် အုတ်၊ကျောက်တို့နှင့် တွဲကပ်ရန်၊ ကော်အဖြစ် ထုံး၊သဲနှင့် ရေတို့ကို ရောစပ်အသုံးပြုခဲ့ကြပါသည်။၁၉ ရာစုရောက်သောအခါ ထုံးသက်သက်အသုံးပြုခြင်းထက် ထုံးကျောက် သို့မဟုတ် မြေဖြူ နှင့် ရိုးရိုးမြေကြီး သို့မဟုတ် ရွှံ့စေးကို သင့်တင့်သောအချိုးဖြင့် ရောစပ်ကြိတ်၍မီးဖုတ်ခြင်းဖြင့် ရရှိလာသောထုံးမှာ ပိုမိုကောင်းမွန်ကြောင်းတွေ့ရှိလာသဖြင့် ပညာရှင်များ စဉ်ဆက်မပြတ်ကြိုးပမ်းအားထုတ်ခါ နည်းလမ်းရှာဖွေလာကြပါသည်။