Monday, September 17, 2012

Home

  မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် တစ်နေ့လျှင် ဘိလပ်မြေတန်၅၀၀၀ကျ ဘိလပ်မြေစက်ရုံကြီး တည်ဆောက်တော့မည်ဖြစ်ကြောင်းမွန်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက  ပြောကြားသည်။
တန်၅၀၀၀ကျ ဘိလပ်မြေစက်ရုံကြီးကို မြန်မာနိုင်ငံသားပိုင် Pacific LinkCementCo.,Ltd. နှင့် ထိုင်းနိုင်ငံမှ SCG Cement Co.,Ltd.(ဆင်တံဆိပ်ဘိလပ်မြေ) တို့က အကျိုးတူ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ရာ စက်ရုံတည်ဆောက် ထုတ်လုပ်မှုအတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မတီ(MIC)၏ ခွင့်ပြုချက်ရရှိပြီး       သတ္တုတွင်းဝန်ကြီးဌာန၏ ထုံးကျောက်ထုတ်လုပ်ခွင့်၊ မွန်ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုချက်တို့ရရှိပြီးဖြစ်
သည်။
       စက်ရုံတည်ဆောက်ရန် မြေဧက၁၃၀၀နီးပါးအသုံးပြုရမည်ဖြစ်ပြီး ယင်းအကျယ်အ၀န်းရရှိအောင် 
 ဒေသခံတို့၏လယ်မြေနှင့်ဥယျာဉ်ခြံမြေတို့ကို လက်ရှိကာလပေါက်ဈေးနှုန်းအတိုင်း ၀ယ်ယူပေးလျက်ရှိရာ ၀ယ်ယူရန် ဧကအနည်းငယ်မျှသာ ကျန်ရှိတော့ကြောင်း အစိုးရအဖွဲ့မှ တာဝန်ရှိသူက ဆိုပါသည်။အဆိုပါ စက်ရုံတည်ဆောက်မှုကို ကျိုက်မရောမြို့နယ် ကော့မနော၊ ကော့ဒွန်း၊ပေါက်တော၊ကွမ်ငန်း ကျေးရွာ
များအနီးရှိ ပျားတောင်နေရာတွင် ယခုနှစ်မိုးရာသီအကုန်တွင် စတင်တည်ဆောက်သွားမည် ဖြစ်သည်။ စက်ရုံမတည်ဆောက်ခင် ကုမ္မဏီအနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရုံ-ကော့ပနော ၁၀ မိုင်အရှည် မြေသားလမ်းအား ၁၄ ပေအကျယ် ကွန်ကရစ်လမ်းနှင့် ၄င်းလမ်းတလျှောက်ရှိ စာသင်ကျောင်းများအား ပြုပြင်ပေးခြင်းကို အရင်ဆုံးပြုလုပ်ပေးသွားမည်ဟု သိရသည်။
          ဆင်တံဆိပ် ဘိလပ်မြေ (SCG) ကုမ္မဏီသည် ကမ္ဘာ့ဘိလပ်မြေ တင်ပို့ရောင်းချမှု၏ ၄၀ရာခိုင်နှုန်းကို ရရှိထားပြီး ထိုင်းနိုင်ငံတွင် လည်ပတ်ထုတ်လုပ်နေသည့် ဘိလပ်မြေစက်ရုံများသည် သဘာဝ ပတ်ဝန်းကျင် မထိခိုက်အောင် အဓိကထားလုပ်ဆောင်လျှက်ရှိရာ မွန်ပြည်နယ်၌ စက်ရုံတည်ဆောက်ရာတွင်လည်း ယင်းကဲ့သို့ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။ စက်ရုံလည်ပတ်ရာတွင် အသံဆူညံမှု မရှိခြင်း၊ ထုံးကျောက်တောင်များ မိုင်းခွဲရာတွင် အသံမထွက်ခြင်း၊ ဖုန်မှုန့်မထွက်ခြင်းစသည့်ခေတ်မီနည်းပညာများကို အသုံးပြု၍ လုပ်ဆောင်သွားမည် ဖြစ်ပြီး လိုအပ်ပါ ကသဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမှုမရှိအောင် သစ်တောဌာနတစ်ခုကို ဖွဲ့စည်းခြင်းတို့ကို  ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။ ထို့ပြင် စက်ရုံနှင့် ပတ်သက်၍ ကျေးရွာလူထု ပါဝင်စွက်ဖက်ကြည့်ရှုလေ့လာနိုင်ရန်နှင့် အကြံပြုနိုင်ရန် စက်ရုံအတွင်း ရက်သတ္တပတ်လျှင်တစ်ရက် ၀င်ရောက်ကြည့်ရှုခွင့် ပြုမည်ဖြစ်ပြီး ဒေသခံ ပြည်သူများအား စက်ရုံ၏ လိုအပ်သည့် ၀န်ထမ်း၏ ၉၀ ရာခိုင်နှုန်းအား အလုပ်အကိုင် ဖန်တီးပေးသွားမည်ဖြစ်ကြောင်း သိရသည်။စက်ရုံအတွက် အလုပ်လုပ်
ကိုင်သူများအား လိုအပ်လျှင် ပညာတော်သင်စေလွှတ် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ဘိလပ်မြေစက်ရုံ စတင်လည်ပတ်ပါက ထိုင်းနိုင်ငံမှမြန်မာနိုင်ငံသို့ တင်ပို့လျက်ရှိသည့် ဆင်အမှတ်တံဆိပ် ဘိလပ်မြေများကို မတင်သွင်းတော့ဘဲစက်ရုံမှ ထွက်ရှိသော ဘိလပ်မြေများကို မြန်မာ တစ်နိုင်ငံလုံးသို့ဖြန့်ချီသွားမည် ဖြစ်သည်။ စက်ရုံမှ ထွက်ရှိသော ဘိလပ်မြေတချို့အား ပြည်ပနိုင်ငံသို့ တင်ပို့ရောင်းချရန် ပေါက်တောကျေးရွာမှ အတ္ထရံမြစ်သို့မီတာ ၃၀၀၀၀ ကျော် တူးမြောင်းဖောက်လုပ်၍ ရေလမ်းကြောင်းဖြင့် အသုံးပြုသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

စက်ရုံတည်နေရာနှင့်အကျယ်အ၀န်း

ဘိလပ်မြေစက်ရုံကျောက်ဆည်သည် မန္တလေးတိုင်း ကျောက်ဆည်မြို့၏ အရှေ့ဘက် (၆)မိုင်အကွာ သံတော်မြတ်တောင်၏ (၁)မိုင်တွင် တည်ရှိပြီး (၆၈၄.၆၂)ဧက ကျယ်ဝန်းပါသည်။

Wednesday, September 12, 2012

Myanmar global investment forum to be held in Nay Pyi Taw

Euromoney, world's leading organizer of conferences, will launch Myanmar Global Investment forum at Myanmar International Convention Center (MICC)in Nay Pyi Taw, the new capital of Myanmar, local media reported Monday.

Co-hosted with the Myanmar Investment Commission and supported by the Ministries of Industry, Energy and Commerce, the event will explore the opportunities available for foreign capital interested in taking part in one of the most exciting investment stories.

Ministerial officials from the President's Office, energy sector and Union of Myanmar Federation of Chambers of Commerce and Industry (UMFCCI) official, US ambassador Derek Mitchell, bankers, traders and investors will participate in the forum to be held from Sept. 12 to 13.

Panel discussions will center around investment opportunities in Myanmar's main industries, including oil and gas, agriculture, infrastructure, real estate, private equity and manufacturing.

Over 400 foreign investors are expected to attend the event, joined by Myanmar leading businesses and politicians.

According to statistics, Myanmar drew 57 million US dollars' foreign investment in July this year, hitting 41.086 billion dollars as of the end of the month since late 1988 when the country opened to such investment.

Over the past two months, businessmen from the United States and other Western countries visited Myanmar to explore business opportunities and gather information on the government's economic programs.

Meanwhile, Myanmar's new foreign investment law is under discussion in the ongoing parliament session in Nay Pyi Taw, involving the House's committee, commission, entrepreneurs and scholars.

Monday, September 10, 2012

Asian Cement Trade Seminar

A seminar on cement trade and businesses of Asian countries will be held at Sedona Hotel on 13 and 14 September.The seminar will mainly be attended by entrepreneurs from China which is the top cement producing country, Indian businesses and cement exporters from Thailand for enabling local cement entrepreneurs to have cement production and better techniques.

Thursday, August 16, 2012

Myanmar Cement Review

သမိုင်းအကျဉ်း

ရှေးနှစ်ပေါင်း (၂၀၀၀) ကျော်မှစပြီး လူသားတို့သည် အဆောက်အဦများကိုဆောက်လုပ်ရာတွင် အုတ်၊ကျောက်တို့နှင့် တွဲကပ်ရန်၊ ကော်အဖြစ် ထုံး၊သဲနှင့် ရေတို့ကို ရောစပ်အသုံးပြုခဲ့ကြပါသည်။၁၉ ရာစုရောက်သောအခါ ထုံးသက်သက်အသုံးပြုခြင်းထက် ထုံးကျောက် သို့မဟုတ် မြေဖြူ နှင့် ရိုးရိုးမြေကြီး သို့မဟုတ့်ံစေးကို သင့်တင့်သောအချိုးဖြင့် ရောစပ်ကြိတ်၍မီးဖုတ်ခြင်းဖြင့် ရရှိလာသောထုံးမှာ ပိုမိုကောင်းမွန်ကြောင်းတွေ့ရှိလာသဖြင့် ပညာရှင်များ စဉ်ဆက်မပြတ်ကြိုးပမ်းအားထုတ်ခါ နည်းလမ်းရှာဖွေလာကြပါသည်။